မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝါးရုံကျေးရွာအုပ်စု၌ မီးဘေးထောက်ပံ့မှု ပြီးစီးမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၅) ရက်နေ့၊ (၁၁:၅၅) နာရီအချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ဝါးရုံကျေးရွာအုပ်စု၊ ဝါးရုံကျေးရွာ၌ ဖြစ်ပွားခဲ့သော မီး‌ဘေးကြောင့် လုံးဝပျက်စီး လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၀၀,၀၀ဝိ/-)၊  လူဦးရေ(၃)ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆,၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးတန်ဖိုးငွေ(၁၂၇,၆၁၈/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၃,၉၁၈/-)ကျပ်တိတိအား (၂၀-၂-၂၀၂၅) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#‌mdy_Feb_2025                                                                          

Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events