ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ကျုံခရီပိုင်းကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ကျုံခရီပိုင်းကျေးရွာ ရှိ  သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊  မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတ အဖွဲ့နှင့် ပြည်သူလူထုများပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#prep_sgw

#ayy_feb_2025

Source:     မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events