လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၅) ရက်နေ့၊ (၁၉:၅၆) နာရီအချိန်၌ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၉)လမ်း၊ အမှတ် (၃၅/ခ) ရှိ ဒေါ်မြင့်မြင့်ခိုင် (ဘ) ဦးတင်စိုး အသက် (၅၆) နှစ်၊ (၁၂/ဒလန(နိုင်) ၀၂၈၂၈၄) ၏ (၃၀x၈) ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ နေအိမ်နောက်ဖေးခန်းတွင် လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၆) လုံး (လုံးဝပျက်စီး)၊ အိမ်ထောင်စု (၆) စုမှ ကျား (၈) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၃) ဦးတို့မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာတန်ဖိုး (၄၈၃၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၂၀၀၀၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၈၄၅၄၀၆)ကျပ် တို့အား ၇-၂-၂၀၂၅ ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#ygn_Feb_2025
Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး