ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စု၌ ( ၄–၂-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၁၉၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၇၃)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၅၃၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ်  (၂၀၅၃၃၀၀ိ/-)တို့အား (၆- ၂ -၂၀၂၅) ရက်နေ့  ( ၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 #ha_rbe

#‌ayy_Feb_2025

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events