လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဥ် ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံ နိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်ငူကျေးရွာအုပ်စု၊ ပေါက်လေးပင်ကျေးရွာတို့တွင် (၂၈-၁-၂၀၂၅)ရက်နေ့မှ (၃၁-၁-၂၀၂၅)ရက်နေ့အထိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့်အတူ ပူးပေါင်း၍ အပြီးသတ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#mgy_Feb_2025
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး