ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၌ ဖြစ်ပွားသော တောဆင်ရိုင်းဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၂၄) ရက်‌နေ့ (၀၂:၀၀) အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်၀င်ရောက်လာပြီး ရန်ပြု တိုက်ခိုက်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံး (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀,၀၀ဝိ/-) အား (၂၂-၁၁-၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့‌ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ygn_nov_2024

Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events