လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၄) ရက်နေ့ (၁၀:၀၀)မှ (၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_nov_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)