လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၉-၁၀-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.ထ.က.၁) အခြေခံပညာအထက်တန်းကျောင်း၌ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_oct_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)