ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၀-၂၀၂၄) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော် ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မစျေးအနီးအပြင်တန်း၊ အမှတ် (၂၅) ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးပါ (၁) ပုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးနှင့် ဆိုင်ခန်း (၆) ခန်းမှ လူဦးရေ (၁၂) ဦး၊ စုစုပေါင်းလူဦးရေ (၁၄) ဦးတို့အတွက်   ဆန်ရိက္ခာဖိုးရန်ပုံငွေ (၂၉,၄၀၀ိ/-)၊ မီးလောင်ဒဏ်ရာများဖြင့်သေဆုံး လူဦးရေ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅၂၉,၄၀၀ိ/-) အား (၂၂-၁၀-၂၀၂၄) ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_Oct_2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events