ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဘေးကြောင့် မျောပါနေအိမ် (၅၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေါင်း (၅၃)သိန်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၅၄) လုံးအတွက် (၇၇) သိန်းတို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ဇေယျာသီရိ မြို့နယ်အ‌ထွေထွေမြို့နယ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၂-၁၀-၂၀၂၄) ရက်နေ့ တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_oct_2024

Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events