ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ (၁၁-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၃၀၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇၀၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၇၆၇၈/-)၊ (၃၀၇) အိမ်ထောင်စုစာ (၃၃၀၅၇၁၄၆/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၆၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၁၀၀၀၀၀/-) တို့အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဌ ဦးမြတ်အောင်ဌေး၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ (၁၂-၁၀-၂၀၂၄) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_oct_2024

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events