ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဖြစ်ပွားသော ရေဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးခဲ့သည့်လူ(၁၀၀)ဦ းအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် သိန်း(၅၀၀) ကျပ်၊ နေပြည်တော်ကောင်စီမှတစ်ဦးလျှင် (၂)သိန်းနှုန်းဖြင့် သိန်း (၂၀၀)ကျပ်၊ စုစုပေါင်းသိန်း( ၇၀၀)ကျပ်တို့အား၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာထွန်း၊ တပ်ကုန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ (၂၇.၉.၂၀၂၄)ရက်နေ့ (၁၀း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_oct_2024

Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events