ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်တို့သည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးလူဦးရေ (၅၀) ဦးအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅၀၀,၀၀ဝိ/-) ဖြင့် ထောက်ပံ့ငွေ (၂၅,၀၀၀,၀၀ဝိ/-)၊ နေပြည်တော်ကောင်စီမှတစ်ဦးလျှင် (၂၀၀,၀၀ဝိ/-)ဖြင့် ထောက်ပံ့ငွေ (၁၀,၀၀၀,၀၀ဝိ/-)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကျန်သေဆုံးလူဦးရေ (၂၀) ဦးအတွက်တစ်ဦးလျှင် (၃၀၀,၀၀ဝိ/-) ဖြင့် ထောက်ပံ့ငွေ (၆,၀၀၀,၀၀ဝိ/-) ၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁,၀၀၀,၀၀ဝိ/-) တို့အား တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၂၄)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events