ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်‌ဝေးမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးလူဦးရေ (၂) ဦးအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅၀၀,၀၀ဝိ/-) ဖြင့် (၁,၀၀၀,၀၀ဝိ/-)၊ နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် (၂၀၀,၀၀ဝိ/-) ဖြင့် (၄၀၀,၀၀ဝိ/-)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သေဆုံးလူဦးရေ (၂) ဦးအတွက် ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀,၀၀ဝိ/-) ဖြင့် (၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၀၀,၀၀ဝိ/-) တို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်နှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events