ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က)မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၄)ရက်နေ့ မနက် (၁၀:၀၀) မှ (၁၂:၀၀) အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က) မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌  ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀ )ဦး ခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအားအသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာ တို့အား ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#‌npw_sep2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events