ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၌ (၁၇-၉-၂၀၂၄)ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက်လာပြီး ကမ်းပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ရေစီးတွင် မျောပါပျက်စီးသွားခဲ့ပြီး လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့၍ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၅၇)ဦး ဘေးသင့်ခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၀၀၀,၀၀ဝ/-)၊ လူဦးရေ(၅၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀ဝ/-)၊ စုစုပေါင်း(၁,၁၁၉,၇၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၈)စုစာအား (၂၀-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 #ha_rbe

#krn_sep_2024

Source:  လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events