ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ (၁၆-၉-၂၀၂၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၁)ဦးဘေးသင့်ခဲ့ပါသဖြင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၈၀၀,၀၀ဝ/-)၊ လူဦးရေ(၄၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၈၆,၁၀ဝ/-)၊ စုစုပေါင်း(၁၈,၈၆,၁၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၁)စုစာအား (၁၈-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#krn_sep_2024

Source:  ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events