ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ တွင် မြေပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၉-၂၀၂၄)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး မြေစာပိ၍ လူ(၄)ဦး သေဆုံးခဲ့ပါသဖြင့် ပြိုကျပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ/-)၊ သေဆုံး(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝ/-)၊ စုစုပေါင်း(၁,၃၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စုစာအား (၁၄-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#krn_sep_2024

Source:  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events