ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်အတွင်း ဘေးသင့်လူဦးရေ (၆,၃၀၅)ဦးအတွကိ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၃,၂၄၀,၅၀၀/-)၊ သေဆုံးလူဦးရေ (၆) ဦးအတွက် ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-) ၊ မျောပါနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၅,၅၄၀,၅၀၀/-) တို့အား (၁၉-၉-၂၀၂၄)ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events