ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်အတွင်းရှိ ဘေးသင့်လူဦးရေ (၂,၀၆၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၄,၃၃၈,၆၀၀/-)၊ မျောပါနေအိမ် (၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇,၃၃၈,၆၀၀/-)တို့အား (၂၀-၉-၂၀၂၄) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events