ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌကြီးနှင့် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဟန်သူနှင့်အတူ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ ခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်လူဦးရေ (၄,၄၈၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉,၄၂၄,၈၀၀/-) အား (၁၈-၉-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ သေဆုံးလူဦးရေ (၅) ဦးအတွက်ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)အား (၁၉-၉-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးနေအိမ် (၁၀၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀,၆၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၂၁,၈၂၄,၈၀၀/-)နှင့် (၁၀၇၆၇၈/-) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး  (၁၀၆) အိမ်ထောင်စုစာ (၁၁,၄၁၃,၈၆၈/-)တို့အား (၂၁-၉-၂၀၂၄) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင်လည်းကောင်း ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events