ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သောရေဘေးကြောင့် သေဆုံးလူဦးရေ (၉၇) ဦးအတွက်ထောက်ပံ့ငွေ ( ၂၉,၁၀၀,၀၀၀/-)၊ လုံးဝပျက်စီးနေအိမ် (၄၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁,၃၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၀,၄၀၀,၀၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၇,၆၇၈/-)၊ (၄၁၃) အိမ်ထောင်စုစာ (၄၄,၄၇၁,၀၁၄/-) တို့အား (၂၀-၉-၂၀၂၄) ရက်နေ့၊ (၁၄:၀၀) အချိန်တွင်ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events