ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ အလယ်ချောင်းအောက်ကျေးရွာအုပ်စု၊ အလယ်ချောင်း အောက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီး မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၁၁-၉-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် လိပ်သိုမြို့၊ အလယ်ချောင်းအောက်ကျေးရွာအုပ်စု၊ အလယ်ချောင်းအောက်ကျေးရွာ၌ ပြိုကျ ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-)၊ စုစုပေါင်း (၁,၀၆,၃၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၂၀-၉-၂၀၂၄) ရက်နေ့၊ (၁၄း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#krn_sep_2024

Source:  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events