လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၄) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်များ၌ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ကြိုတင်အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို မြိတ်ခရိုင်ဦးစီးမှူးရုံး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး၊ နယ်မြေမီးသတ်စခန်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_Sep_2024
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)