ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နှင့် ကြာအင်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၄) ရက်နေ့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု‌ကြောင့် ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်မှ လေဘေးသင့်ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)  ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် (၁) စုစာ၊ ကြာအင်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှ အမိုးလန်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) စုစုပေါင်းလူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃,၆၀ဝိ/-) ၊စုစုပေါင်းထောက်ပံ့ငွေ (၃၈၃,၆၀ဝိ/-) အား (၁၈-၉-၂၀၂၄) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်အရောက် သွားရောက်‌ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_Sep_2024

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events