ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် သေဆုံးလူဦးရေ (၃၃) ဦးအတွက် ထောက်ပံ့ငွေ(၉,၉၀၀,၀၀၀/-)၊ လုံးဝပျက်စီးနေအိမ် (၅၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅,၉၀၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ (၆,၉၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၆၄၃,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀,၄၄၃,၃၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅၉) အိမ်ထောင်စုစာ (၆,၃၅၃,၀၀၂/-)၊ တို့အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နှင့်အတူ (၁၇-၉-၂၀၂၄) ရက်နေ့၊ (၁၁း၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Sep_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events