ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာနှင့် ရွှေဟင်္သာအုပ်စု၊ စကားမြားကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၄) ရက်နေ့တွင် ဧရာဝတီမြစ်‌‌ရေ တိုက်စားမှုကြောင့် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာနှင့် ရွှေဟင်္သာအုပ်စု၊ စကားမြားကျေးရွာတို့မှ ကမ်းပြိုဘေးသင့်ကြိုတင်ဖျက်သိမ်းနေအိမ် (၂၀) လုံးအတွက် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေ (၂,၀၀၀,၀၀ဝိ/-)၊ လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၂,၃၀ဝိ/-)  တို့အား (၁၇-၉-၂၀၂၄) ရက်နေ့၊ ‌နံနက် (၁၁:၃၀) နာရီအချိန်တွင်‌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_Sep_2024

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events