ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ ‌ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ ဖြစ်ပွားခဲ့သော မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၁၁-၉-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် ‌ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ မြေပြိုမှုကြောင့် မြေစာပိ၍သေဆုံးခဲ့သည့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့ အတွက် သေဆုံးထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-)၊ စုစုပေါင်း (၁,၃၀၀,၀၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၁) စုစာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၁၄-၉-၂၀၂၄) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#krn_sep_2024

Source:  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events