ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီး (အမက) စာသင်ကျောင်း၌ ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာ၀န်ရှိသူများသည် (၁၃-၉-၂၀၂၄)ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ ချောင်းဖျားကြီး (အမက) စာသင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ်အားကြိုဆိုသောအနေဖြင့် မျိုးဆက်သစ်ကျောင်းနေ အရွယ်ကလေးများနှင့် လူငယ်များ ရေဘေးအန္တရာယ်အားသိရှိ၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးကိုအသင့်ဖြစ်စေရန်အတွက် ရေဘေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာ၀န်ရှိဌာနဆိုင်ရာ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ (အမက)ချောင်းဖျားကြီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာ အဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများကအတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စုစုပေါင်းအင်အား (၃၀၀) ဦး ပါ၀င်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#simex-fld

#ayy_Sep_2024

Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events