ရေကြီးခြင်းသတိပေးချက်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊  (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် ရွှေစာရံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၄.၄၅ ပေ (၁၀၅၀ စင်တီမီတာ)အောက် ၄ ပေခွဲခန့်  (၁၃၂ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊  (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၂၈.၅၄ ပေ (၈၇၀ စင်တီမီတာ)အောက် ၁ ပေခွဲခန့်  (၄၂ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ရွှေစာရံမြို့နယ်နှင့် မြစ်ငယ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

Sign Up

Upcoming Events