တိုင်ဖွန်းမုန်တိုင်း “ရာဂိ” အရှိန်သက်ရောက်၍ လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း “ရာဂိ” ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ငယ်ချောင်းငယ်များတွင် ရေများမြင့်တက်လာကာ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်းနှင့် စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ လတ်တလောသက်သာချောင်ချိရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၁၁-၉-၂၀၂၄) ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် (၁၂-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရရှိသောအချက်အလက်များအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်စုစုပေါင်း (၁၈) မြို့နယ်တို့တွင် အိမ်ထောင်စု (၂၅,၀၀၀) ခန့်နှင့် ဘေးသင့်လူဦးရေ (၈၀,၀၀၀) ကျော် ရေဘေးသင့်ခဲ့ကြပြီး ရေဘေးရှောင်စခန်း (၅၀) ကျော် ဖွင့်လှစ်၍ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

Sign Up

Upcoming Events