ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ သပြေ​ချောင်းကျေးရွာ၊ (အ.လ.က) သပြေချောင်း အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၅-၉-၂၀၂၄)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ သပြေ​ချောင်းကျေးရွာ၊ (အ.လ.က) သပြေချောင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#npw_sep_2024

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events