ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၈-၂၀၂၄) ရက်နေ့ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာမှ ကမ်းပြိုဘေးသင့်ကြိုတင်ဖျက်သိမ်းနေအိမ် (၆) လုံးအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ (၆၀၀,၀၀ဝိ)၊ လူ (၂၅) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀ဝိ)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၂,၅၀ဝိ/-) အား (၃-၉-၂၀၂၄) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_sep_2024

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events