မုန်တိုင်းငယ်(Depression)သတင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်-

(က)    ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ခ)     ယခုသတင်းသည် မုန်တိုင်းငယ် (Depression)အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။

Sign Up

Upcoming Events