၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်-
“ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်း ကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်းတို့သို့ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။”