ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း (၂၄-၈-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိသော ရွှေချီရပ်ကွက်၊ နံတော်စဉ်ရပ်တွင် လူဦးရေ (၅၀)ဦး၊ စဉ်အိုးဘိုရပ်တွင် လူဦးရေ(၁၂၀)ဦး၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုး(အ.မ.က)တွင် လူဦးရေ (၁၀၇)ဦး၊ ကူးတို့ဆိပ်အုပ်စု၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းနှင့် ဇလုပ်ဘုန်းတော်ကြီးကျောင်းတို့တွင် လူဦးရေ(၁၆၀)ဦး၊ စုစုပေါင်းဘေးသင့်လူဦးရေ (၄၃၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၁၇,၇၀ဝိ/-)၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၁၇,၇၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်များနှင့်အတူ  (၂၇ -၈-၂၀၂၄)ရက်နေ့၊ (၁၄:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_aug_2024 

Source:  နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events