ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ ရေဘေးကြောင့် မျောပါသေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၄) ရက်နေ့ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) အား (၂၇-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂:၃၀) အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug_2024

Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events