ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၂၄)ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး(တစ်စိတ်တစ်ပိုင်း)ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၃)ဦး၊ မ(၆)ဦး၊ စုစုပေါင်းလူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ်(၁၈,၉၀ဝ/)၊ အိမ်ခြေ(၂)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၈,၉၀ဝ/-)တို့အား (၂၀-၈-၂၀၂၄)ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#Otr

#ygn_aug_2024 

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events