လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၄)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ် (၂)လုံး(တစ်စိတ်တစ်ပိုင်း) ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၆)ဦး၊ မ(၅)ဦး၊ စုစုပေါင်းလူဦး ရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ်(၂၃,၁၀ဝိ/)၊ အိမ်ခြေ(၂)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၃,၁၀ဝိ/-)တို့အား(၂၀-၈-၂၀၂၄)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#Otr
#ygn_aug_2024
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)