လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄)ရက်နေ့မှ (၂၁-၈-၂၀၂၄)ရက်နေ့အထိ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုကျမှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀)နှင့် လူဦးရေ (၇၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀/-)၊ စုစုပေါင်း(၂,၄၅၇,၅၀၀/-)အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၄)စုစာ၊ တန်ဖိုးငွေ (၁,၅၀၇,၄၉၂/-)အားလည်းကောင်း (၂၂-၈-၂၀၂၄)ရက်နေ့၊ (၁၅း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#krn_aug_2024
Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)