ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ရေကြည်မြို့နယ်၊နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင်(၂.၈.၂၀၂၄)ရက်နေ့တွင်ဖြစ်ပွားသောရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)၊ အိမ်ထောင်စု(၁)စုမှ စုစုပေါင်းလူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀/-)၊  ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာ(၁၀၇၆၇၈/-) နှင့်စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၄၂၀၀/-) အား(၂၀-၈-၂၀၂၄)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ayy_aug_2024 

Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events