လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း (၂၄-၇-၂၀၂၄)ရက်နေ့မှ (၄-၈-၂၀၂၄)ရက်နေ့အထိ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင်စခန်း (၃၇)စခန်းသို့ ကြို့တင်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၆၇၇)စုမှ လူဦးရေ (၂၄၈၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာရန်ပုံငွေ (၂၂၃၆၅၀၀ိ/-)ကို (၂၀-၈-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီအချိန် တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fld
#ayy_aug_2024
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)