ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာတွင် ရေဘေးထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၌ (၂၂-၈-၂၀၂၄) ရက်နေ့၊ (၂၂:၀၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော  ရေဘေးကြောင့် မျောပါနေအိမ် (၃) လုံးနှင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ  (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၇,၈၀၀ိ/-) တို့အား (၂၄-၈-၂၀၂၄) ရက်နေ့၊ (၀၉:၃၀) အချိန်တွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#npw_Aug_2024

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events