ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၂၊ ၄) ရပ်ကွက်တို့၌ ဖြစ်ပွားသော မြေပြိုမှုအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၂-၈-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် အမှတ်(၂၊၄) ရပ်ကွက်တို့ရှိ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀/-)၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့ အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-)၊ စုစုပေါင်း (၁၇၉,၉၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စု စာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၈-၈-၂၀၂၄) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#krn_aug_2024

Source:  သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events