ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အလယ်စုကျေးရွာနှင့်ကွင်းစုကျေးရွာများ၌ အသိပညာပေးဆောင်ရွက် မှုူသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၄) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ အလယ်စု ကျေးရွာနှင့်ကွင်းစုကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug_2024

Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events