လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၆-၈-၂၀၂၄)ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ အူကျွန်း (အောက်စု) ကျေးရွာနှင့် ကြခတ်ကုန်းကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug_2024
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)