လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၄) ရက်နေ့တွင် (၁၃:၀၀)မှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ (အ.ထ.က-၁) အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/ အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၀၀)ဦးအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆောင်ရန်/ရှောင်ရန်အချက်များ မျှဝေပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_aug_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)