မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ကမ်းပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ် များအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၄) ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-)နှင့် လူဦးရေ (၄၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀ိ/-) စုစုပေါင်း (၁,၄၀၂,၉၀၀ိ/-) အား (၁၂-၈-၂၀၂၄)ရက်နေ့ (၁၃း၀၀)အချိန်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mon_aug_2024

Source:  ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events