မြောင်းမြမြို့နယ်၊ အုန်းပင်စုကျေးရွာနှင့် တောင်စုကျေးရွာများ၌ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံတို့မှ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများပူးပေါင်း၍ (၁၀-၈-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အုန်းပင်စုကျေးရွာနှင့် တောင်စုကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်/ ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_jul_2024

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events