ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မရမ်းဘေးကျေးရွာအုပ်စု၊ အဝကောက်ကျေးရွာ၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၄) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မရမ်းဘေးကျေးရွာအုပ်စု၊ အဝကောက်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၄)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၉၄၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၄၀ဝိ/-)တို့အား (၅-၈-၂၀၂၄) ရက်နေ့၊ (၁၂:၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ygn_aug_2024

Source:  ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events